back

သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များအား Fan Festival ပြုလုပ်၍ ပြသမည်

Jul 15 • 11:31 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များအား Fan Festival ပြုလုပ်၍ ပြသမည်

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ “World Cup 26 Fan Festival Myanmar" အစီအစဉ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစ...

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ “World Cup 26 Fan Festival Myanmar" အစီအစဉ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတော်အတွင်း စပိန်နှင့် ပြင်သစ်ပွဲစဉ်ကို ပြသခဲ့ပြီးဖြစ်ကာ၊ ဇူလိုင် ၁၅ ရက် (ယနေ့) တွင် အင်္ဂလန်နှင့် အာဂျင်တီးနား ဆီမီးဖိုင်နယ်ပွဲစဉ်၊ ဇူလိုင် ၁၈ ရက်တွင် တတိယနေရာလုပွဲနှင့် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်လုပွဲတို့ကို ဆက်လက်ပြသသွားမည် ဖြစ်သည်။ ထို့ပြင် ပွဲအတွင်း အဆိုတော် ဖြိုးကြီး၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင်တို့နှင့်အတူ DJ၊ အကအဖွဲ့များ၏ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ပြီး VIP နှင့် Gold Zone လက်မှတ်များ ဝယ်ယူသူများအတွက် အဖျော်ယမကာ အခမဲ့ပေးမည့် အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

news-view-count-icon

34