ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့် ရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သက်တော် ၉၉ နှစ်ရှိပြီဖြစ်သည့် ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်များကို ပူဇော်ရန် ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ အဆိုပါပွဲ၌ ဇူလိုင် ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် သံဃာတော် အပါး ၂၀၀ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မမိတ်ဆွေများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ချမ်းမြေ့ရိပ်သာ၌ ကျင်းပမည်
Jul 15 • 11:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


