back

ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့ မြို့ ၃ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

Jul 15 • 8:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့ မြို့ ၃ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၅ ရက်) နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့သည် မြို့ ၃ မြို့တွင် စိုးရိ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၅ ရက်) နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့သည် မြို့ ၃ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျနိုင်သော်လည်း၊ ဖောင်းပြင်မြို့တွင်မူ စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် ရောက်ရှိနေရာမှ နောက်ထပ် ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက် တည်ရှိနေနိုင်ကြောင်း သိရသည်။

news-view-count-icon

24