၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို ကျစ်လျစ်သော အသင်းလိုက်စုဖွဲ့မှုများဖြင့် ဖိအားပေးကစားကာ အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဒဲလပ်စ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် စပိန်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၂ မိနစ်၌ လူငယ်ကြယ်ပွင့် ယာမယ်ကို ပြင်သစ်နောက်ခံလူ ဖျက်ထုတ်ပုံမှားယွင်းခဲ့၍ ရရှိသည့် ပင်နယ်တီမှတစ်ဆင့် အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းဖြစ်ပြီး စပိန်အသင်းအနေဖြင့် ပြင်သစ်အသင်းကို နောက်ဆုံး ၃ ကြိမ်ဆက် အနိုင်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
Jul 15 • 8:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


