back

၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည်

Jul 15 • 9:01 AM

breaking-news

မြန်မာ

ရန်ကုန်

cover

၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည်

၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများအတွက် ရန်ကုန်မြို့ရှိ လမ်းအချို့အား ယာယီလမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆ...

၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများအတွက် ရန်ကုန်မြို့ရှိ လမ်းအချို့အား ယာယီလမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အာဇာနည်ဗိမာန်၌ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှစ၍ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းနှင့် ဦးဝိစာရလမ်းတို့၏ အချို့အပိုင်းများကို ယာယီပိတ်ထားမည်ဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိလည်း နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းနှင့် ဗိုလ်ချိုလမ်းတို့ကို လမ်းပိတ်၊ လမ်းလွှဲအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32