back

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် အာမခံကြေး ဘတ် ၅ သိန်း မိခင်ဖြစ်သူထံ လွှဲပြောင်းပေးအပ်

Jul 15 • 8:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် အာမခံကြေး ဘတ် ၅ သိန်း မိခင်ဖြစ်သူထံ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံ၊ စမုပရာကန်တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည့် မြန်မာအလုပ်သမား စိုင်းဝမ် (ခ) စစ်လူ အတွက် ပုဂ္ဂလိက...

ထိုင်းနိုင်ငံ၊ စမုပရာကန်တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည့် မြန်မာအလုပ်သမား စိုင်းဝမ် (ခ) စစ်လူ အတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရရှိသည့် အာမခံကြေးငွေ ဘတ် ၅ သိန်းကို ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် သေဆုံးသူ၏ မိခင်ဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ အဆိုပါ အာမခံကြေးငွေများ အပြည့်အဝ ထုတ်ယူရရှိနိုင်ရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

10