ဝါစိုက်တောင်သူများနှင့် မျိုးစေ့ထုတ်ရောင်းချသူများအနေဖြင့် အောင်မြင်ဖြစ်ထွန်းမှုမရှိသည့် စပ်မျိုးဝါ F2 မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်းနှင့် အသုံးပြုစိုက်ပျိုးခြင်းများ မပြုလုပ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားသည်။ နိုင်ငံခြားစပ်မျိုး ဝါစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် စပ်မျိုး F1 အဆင့်မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပြီး၊ ယင်း F1 မှ ထပ်ဆင့်ရရှိလာသော F2 မျိုးစေ့များကို အသုံးပြုပါက အောင်မြင်မှုမရှိနိုင်သည့်အပြင် မျိုးစေ့ဥပဒေ (၂၀၁၅) အရ မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
Jul 15 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


