ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း တည်ငြိမ်အေးချမ်းလာပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ၊ ချင်းဖလမ်းအသင်း (GCO) က လှူဒါန်းသည့် ဆိုလာမီး ၂၉ လုံးကို ဇူလိုင် ၁၂ ရက်မှစတင်၍ ဗိုလ်ချုပ်လမ်းမကြီးနှင့် လမ်းသွယ်များတွင် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက တပ်ဆင်ပေးခဲ့သဖြင့် မြို့တွင်းလမ်းများ၌ အလင်းရောင်ကောင်းစွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။ ဖလမ်းမြို့နယ်အတွင်းသို့ မေ ၆ ရက်မှ ဇူလိုင် ၁၄ ရက်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူ ၄၀,၀၀၀ ကျော် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် စားရေရိက္ခာများနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် သွပ်၊ သံ၊ သစ်၊ ဘိလပ်မြေများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Jul 15 • 8:43 AM
မြန်မာ
ချင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


