မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၉) ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို မြင်းခြံခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ လက်ရှိတွင် မီးလောင်မှုစတင်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မိနစ် ၅၀ ခန့် ကြာ ငြှိမ်းသတ်ခဲ့ရ
Jul 15 • 8:48 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


