back

ဧရာဝတီတိုင်း ၊ပုသိမ်-ချောင်းသာလမ်းပိုင်းတွင် တောင်ကျရေတိုက်စားမှုကြောင့် နေအိမ်အချို့ မျောပါပြီး လူတစ်ဦး သေဆုံး

Jul 15 • 4:19 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း ၊ပုသိမ်-ချောင်းသာလမ်းပိုင်းတွင် တောင်ကျရေတိုက်စားမှုကြောင့် နေအိမ်အချို့ မျောပါပြီး လူတစ်ဦး သေဆုံး

ဧရာဝတီတိုင်း၊ပုသိမ်-ချောင်းသာလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် နေအိမ်အချို့ မျောပါသွားကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများန...

ဧရာဝတီတိုင်း၊ပုသိမ်-ချောင်းသာလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် နေအိမ်အချို့ မျောပါသွားကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့နွေဦး သတင်းအရ သိရသည်။ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက ပုသိမ်-ချောင်းသာလမ်းပေါ်ရှိ ခြောက်ကောင်ကျေးရွာတွင် ရုတ်တရက် မိုးကြီးပြီး တောင်ကျရေပြင်းထန်စွာ ဆင်းလာခြင်းကြောင့် နေအိမ်အချို့ မျောပါသွားကာ လူအချို့လည်း ရေစီးနှင့်အတူ မျောပါခဲ့သည်။ မျောပါသွားသူများအနက် နှစ်ဦးကို ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း တစ်ဦးမှာမူ ရေစီးနှင့်အတူ မျောပါသေဆုံးသွားခဲ့သည်။ ထို့ပြင် ပုသိမ်-ချောင်းသာလမ်း မိုင်တိုင် ၂၆ မိုင်အနီးနှင့် ချောင်းသာဆင်စခန်းအနီးတို့တွင်လည်း လမ်းပေါ်သို့ ရေကျော်နေသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရဘဲ ရပ်တန့်ထားရသည်။လက်ရှိတွင် မြန်မာနိုင်ငံဒေသအများစု၌ မိုးဆက်တိုက်ကြီးနေပြီး ရခိုင်ပြည်နယ်တွင်လည်း ရေဘေးကြုံတွေ့နေရကာ လူသေဆုံးမှုများ ရှိနေသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ကာ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးဆက်လက်ရွာသွန်းနိုင်သဖြင့် ရေဘေးအန္တရာယ်ကို ဆက်လက်သတိပြုကြရန် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA) က သတိပေးနှိုးဆော်ထားသည်။

news-view-count-icon

27