back

စစ်ကိုင်းတိုင်း၊ နဘား-ကသာလမ်းပိုင်း ပြန်ဖွင့်သော်လည်း မန္တလေးဘက်သို့ ဆင်းမည့်ကားများ သွားလာ၍မရသေး

Jul 15 • 4:41 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ နဘား-ကသာလမ်းပိုင်း ပြန်ဖွင့်သော်လည်း မန္တလေးဘက်သို့ ဆင်းမည့်ကားများ သွားလာ၍မရသေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ နဘား - ကသာလမ်းပိုင်း (မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားလမ်း) ကို ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြ...

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ နဘား - ကသာလမ်းပိုင်း (မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားလမ်း) ကို ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ထီးချိုင့် - ကသာလမ်းပိုင်း ပိတ်ဆို့နေဆဲဖြစ်သဖြင့် မန္တလေးဘက်သို့ ဆင်းမည့်ယာဉ်များ သွားလာ၍မရသေးကြောင်း ဒေသခံများနှင့် သိရသည်။မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဇွန်လ ၃၀ ရက်မှစတင်ကာ ကုန်တင်ကားနှင့် ခရီးသည်တင်ကား ရာနှင့်ချီ၍ ၁၅ ရက်ခန့် လမ်းပိတ်မိခဲ့ပြီးနောက် ယခုကဲ့သို့ နဘား - ကသာလမ်းပိုင်း ပြန်လည်ပွင့်လာခြင်းဖြစ်သည်။ သို့သော်လည်း ထီးချိုင့် - ကသာလမ်းပိုင်းတွင် သစ်ပင်များလှဲချထားခြင်းနှင့် မြေတူးစက်များဖြင့် လမ်းပျက်စီးအောင် လုပ်ဆောင်ထားခြင်းများကြောင့် မန္တလေးဘက်သို့ ဆင်းမည့်ကားများ သွားလာ၍မရဘဲ ပိတ်မိနေဆဲဖြစ်သည်။ အဆိုပါလမ်းပိုင်းကို ပြန်လည်သွားလာနိုင်ရန် ပြုပြင်မှုများ လုပ်ဆောင်နေပြီး ဇူလိုင် ၁၅ ရက်တွင် ပြန်ပွင့်နိုင်ရန် မျှော်လင့်နေကြသည်။လက်ရှိတွင် နဘားလမ်းဆုံနှင့် ကသာလမ်းတဖြတ် ပွင့်သွားသဖြင့် အတက်/အဆင်း ကားအစီးရေ ၅၀ ခန့် သွားလာနေပြီဖြစ်သော်လည်း အတက်ကားအချို့မှာ မော်လူးမြို့အနီး စီပိန်းရွာတွင် ပိတ်မိနေပြီး အဆင်းကားများမှာလည်း လမ်းများတွင် ကျင်းတူးထားခြင်းကြောင့် သွားလာရခက်ခဲနေသည်။ လမ်းပိတ်ဆို့မှု ရက်ကြာမြင့်ခဲ့သဖြင့် မန္တလေးမှ သယ်ဆောင်လာသော အသား၊ ငါး၊ ကုန်စိမ်းနှင့် ကြက်ဥ၊ ဘဲဥများ ပုပ်သိုးပျက်စီးခဲ့ရပြီး၊ ကြက်ပေါက်ငယ်အချို့ သေဆုံးမှုများရှိခဲ့ကာ ကုန်သည်များအနေဖြင့် သစ်သီးနှင့် ကြက်သွန်များကို နီးစပ်ရာရွာများ၌ မူလဈေး၏ ထက်ဝက်ခန့်ဖြင့် လျှော့စျေးရောင်းချခဲ့ရကြောင်း သိရသည်။

news-view-count-icon

15