back

မန္တလေးတိုင်း မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ မိနစ် ၅၀ ခန့်အထိ ငြှိမ်းသတ်ခဲ့ရ

Jul 15 • 2:37 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ မိနစ် ၅၀ ခန့်အထိ ငြှိမ်းသတ်ခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် ဇူလိုင်လ ၁၅ ရက် ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်...

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် ဇူလိုင်လ ၁၅ ရက် ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရာ မြင်းခြံမြို့၊ အမှတ် (၁၉) ရပ်ကွက်ရှိ အဆိုပါ နှစ်ထပ်အဆောက်အအုံသို့ မြင်းခြံခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၇ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးငြှိမ်းသတ်ချိန် မိနစ် ၅၀ နီးပါး ကြာမြင့်ခဲ့သည်။လတ်တလောတွင် မီးလောင်မှုစတင်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

16