မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ရှိ ဘေးကလွဲရေတံခွန်နှင့် ကြိုးတံတားချောင်းတို့တွင် ရေစီးအလွန်သန်လျက်ရှိကြောင်း
ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ဇူလိုင်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်လာရာမှ ဘေးကလွဲရေတံခွန်နှင့် ကြိုးတံတားချောင်းတို့တွင် ရေအရှိန်ပြင်းထန်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကလေးငယ်များနှင့် လူငယ်များ ရေဆင်းကူးရာတွင် မျောပါခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက် မိဘပြည်သူများအနေဖြင့် အထူးသတိပြု ကြပ်မတ်ကြရန် ဒေသခံကယ်ဆယ်ရေးအဖွဲ့များက သတိပေး နှိုးဆော်ထားသည်။


