ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြို့ရှိ ကွန်ဒွန်အရီနာ၌ ဇူလိုင်လ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) သို့ မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်း ထိပ်ဆုံးရပ်တည်မှုရရှိထားသည့် အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား စသည့် အမျိုးသားလက်ရွေးစင်အသင်း ၆ သင်းဖြင့် ကျင်းပခြင်းဖြစ်သည်။ပြိုင်ပွဲပုံစံအဖြစ် ပထမအဆင့်တွင် ၃ သင်းစီပါဝင်သော အုပ်စုနှစ်စုခွဲ၍ ကျင်းပမည်ဖြစ်ရာ အုပ်စု (A) တွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် အုပ်စု (B) တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင်လ ၁၆ ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အုပ်စုရလဒ်များအလိုက် အဆင့်သတ်မှတ်ချက်ပွဲစဉ်များနှင့် နောက်ဆုံးဗိုလ်လုပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ထိုင်းဆီးဂိမ်းစ် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြပြီး မြန်မာအမျိုးသားအသင်းမှာမူ အဆင့် ၅ ရရှိခဲ့ကြောင်း သိရသည်။
(၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲသို့ မြန်မာအမျိုးသားလက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်
Jul 15 • 2:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


