စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁ စင်တီမီတာ (၀.၃၉ လက်မခန့်) ကျော်လွန်ကာ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း နောက်ထပ် ၁ ပေခန့်အထိ ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်ပင် ဆက်လက်တည်ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။
Jul 15 • 1:58 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


