back

ကမ္ဘာ့ဖလားတွင် သမိုင်းဝင်ခြေစွမ်းပြခဲ့သည့် ဟာလန်းနှင့် နော်ဝေအသင်းသားများကို ပရိသတ်တစ်သိန်းနီးပါးက သူရဲကောင်းသဖွယ် ကြိုဆို

Jul 15 • 1:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားတွင် သမိုင်းဝင်ခြေစွမ်းပြခဲ့သည့် ဟာလန်းနှင့် နော်ဝေအသင်းသားများကို ပရိသတ်တစ်သိန်းနီးပါးက သူရဲကောင်းသဖွယ် ကြိုဆို

အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် တိုက်စစ်မှူး ဟာလန်းနှင့် နော်ဝေအသင်းသားများ၏ အ...

အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် တိုက်စစ်မှူး ဟာလန်းနှင့် နော်ဝေအသင်းသားများ၏ အိမ်အပြန်ခရီးစဉ်ကို နော်ဝေပရိသတ် တစ်သိန်းနီးပါးက အုန်းအုန်းကျွက်ကျွက် လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင် နော်ဝေအသင်း၏ အဓိကတိုက်စစ်မှူး အာလင်ဟာလန်းသည် သွင်းဂိုး ၇ ဂိုးအထိ သွင်းယူကာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည်။နော်ဝေအသင်းသည် ၁၆ သင်းအဆင့်တွင် ကမ္ဘာ့အင်အားကြီး ဘရာဇီးအသင်းကို အနိုင်ယူကျော်ဖြတ်ကာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင်မူ အင်္ဂလန်အသင်းနှင့် မိနစ် ၉၀ အထိ သရေကျနေခဲ့သော်လည်း အချိန်ပိုတွင် ဘယ်လင်ဟမ်၏ သွင်းဂိုးကြောင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ နှုတ်ဆက်ခဲ့ရခြင်း ဖြစ်သည်။အော်စလိုမြို့သို့ တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိလာသည့် နော်ဝေအသင်းသားများကို လေဆိပ်တွင် ပရိသတ်အများအပြားက စောင့်ကြိုခဲ့ကြပြီး အမိုးဖွင့်ဘတ်စ်ကားဖြင့် မြို့တွင်းလှည့်လည်ရာတွင်လည်း လမ်းဘေးဝဲယာ၌ ပရိသတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ထိုသို့ ကြိုဆိုသူများထဲတွင် နော်ဝေတော်ဝင်မိသားစုဝင်များပါ ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လူကြိုက်များခဲ့သည့် "ဗိုက်ကင်း လှေလှော်ခြင်း" (Viking Clap) အောင်ပွဲခံမှုကို ပရိသတ်များနှင့်အတူ တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

17