back

ပွဲတိုင်းတွင် ဂိုးသွင်းနိုင်ရန် ကြိုးစားသွားမည်ဟု ရတနာပုံတိုက်စစ်မှူးသစ် တိုရေး ကတိပြု

Jul 15 • 1:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပွဲတိုင်းတွင် ဂိုးသွင်းနိုင်ရန် ကြိုးစားသွားမည်ဟု ရတနာပုံတိုက်စစ်မှူးသစ် တိုရေး ကတိပြု

ရတနာပုံအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူလိုက်သည့် ဂီနီနိုင်ငံသား တိုက်စစ်မှူးသစ် ဖန်ဂျီတိုရေးက အသင်းအတွက် ကစားပေးမည့် ပွဲတိုင်းတွင် ဂိုးသွင်...

ရတနာပုံအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူလိုက်သည့် ဂီနီနိုင်ငံသား တိုက်စစ်မှူးသစ် ဖန်ဂျီတိုရေးက အသင်းအတွက် ကစားပေးမည့် ပွဲတိုင်းတွင် ဂိုးသွင်းယူနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တိုရေးက အသက် ၁၈ နှစ်အရွယ်တွင် မိသားစုနှင့်ခွဲခွာကာ အင်္ဂလန်ကလပ် ဝက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ရစဉ်က အတွေ့အကြုံမရှိခြင်းကြောင့် ခက်ခဲခဲ့ဖူးသော်လည်း၊ ယခုအခါ ရတနာပုံအသင်းအပေါ်၌သာ အာရုံအပြည့် စိုက်ထားကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ရတနာပုံအသင်းသို့ ရောက်ရှိလာခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်ပြီး ပထမဆုံးလေ့ကျင့်ရေးကွင်း၌ပင် အသင်းဖော်များ၏ နွေးထွေးသော ကြိုဆိုမှုကို ရရှိခဲ့ကြောင်း၊ ပရိသတ်များနှင့် တွေ့ဆုံရန် စိတ်လှုပ်ရှားနေပြီး ၎င်းတို့အတွက် အကောင်းဆုံး ကြိုးစားကစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ရတနာပုံအသင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကြာ ကာလအတွင်း ပြည်ပကစားသမားများ ခေါ်ယူခြင်း မရှိဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ရပ်တည်ခဲ့ရာမှ၊ လာမည့်ရာသီသစ်အတွက် ပထမဆုံး ပြည်ပအားဖြည့်မှုအဖြစ် ဤဂီနီတိုက်စစ်မှူးကို ခေါ်ယူကာ အင်အားဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

14