ထိုင်းနိုင်ငံရှိ ဘောလုံးဝါသနာရှင်များအတွက် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို ဘန်ကောက်မြို့ Chatuchak အနီးရှိ Wachirabenchathat ပန်းခြံ (State Railway Park) ၌ LED ဖန်သားပြင်ကြီးဖြင့် တိုက်ရိုက် အခမဲ့ ပြသပေးသွားမည်ဖြစ်ကြောင်း Khaosod သတင်းအရ သိရသည်။အဆိုပါပွဲကို "FIFA World Cup 2026 One Night One Champion" ဟု အမည်ပေးထားပြီး ဘန်ကောက် Metropolitan Administration ၏ နေရာထောက်ပံ့မှုဖြင့် Jasmine International Pcl နှင့် Monomax Streaming ကို စီမံခန့်ခွဲသည့် Mono Next Pcl တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် တနင်္ဂနွေနေ့ ည ၁၁:၃၀ နာရီတွင် ဂိတ်စတင်ဖွင့်လှစ်မည်ဖြစ်ကာ ဗိုလ်လုပွဲစဉ်ကိုမူ ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့ နံနက် ၀၂:၀၀ နာရီတွင် စတင်ပြသမည်ဖြစ်သည်။ ပွဲစဉ်အတွင်း ထိုင်းဘာသာစကားဖြင့် တိုက်ရိုက်သုံးသပ်ချက်များ၊ ပွဲမစမီ နည်းဗျူဟာပိုင်း ဆန်းစစ်ချက်များနှင့် ပွဲကြိုသုံးသပ်ချက် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။လာရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် Queen Sirikit Park အနီးရှိ Kamphaeng Phet 3 လမ်းနှင့် Children’s Discovery Museum အနီးရှိ Gate 3 တို့မှတစ်ဆင့် အခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အဆိုပါနေရာသည် MRT Chatuchak သို့မဟုတ် BTS Mo Chit ဘူတာများမှတစ်ဆင့် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် လမ်းလျှောက်ရုံဖြင့် အလွယ်တကူ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက် Wachirabenchathat ပန်းခြံ၌ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို LED မျက်နှာပြင်ကြီးဖြင့် အခမဲ့ တိုက်ရိုက်ပြသမည်
Jul 15 • 1:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


