back

စားနပ်ရိက္ခာ ပိုမိုဖူလုံစေရန် ဖိလစ်ပိုင်နိုင်ငံက AI နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုမည်

Jul 14 • 12:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

စားနပ်ရိက္ခာ ပိုမိုဖူလုံစေရန် ဖိလစ်ပိုင်နိုင်ငံက AI နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုမည်

ဖိလစ်ပိုင်နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပို...

ဖိလစ်ပိုင်နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့တို့ ပူးပေါင်းကာ ဉာဏ်ရည်တု (AI) နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက် (တနင်္လာနေ့) ဒေသတွင်းသတင်းများအရ သိရသည်။ ဤကဲ့သို့ နည်းပညာများအသုံးပြုပြီး အေဂျင်စီနှစ်ခုအကြား ဒေတာမျှဝေခြင်းဖြင့် မူဝါဒချမှတ်သူများအနေဖြင့် ရိက္ခာထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုကဏ္ဍများတွင် ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ကာ အစိုးရ၏ အရင်းအမြစ်များကိုလည်း အမှန်တကယ် လိုအပ်နေသည့် ဒေသများသို့ တိုက်ရိုက်ထိရောက်စွာ ထောက်ပံ့ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21