back

ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများ သတိပြုရန် မိုးဇလသတိပေး

Jul 14 • 12:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများ သတိပြုရန် မိုးဇလသတိပေး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေမည်ဖြစ်ကာ၊ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သဖြင့် အဆိုပါ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။

news-view-count-icon

21