back

ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ် ဆင်မင်းဈေးကားမှတ်တိုင်တွင် YBS 144 တိုက်မိမှုကြောင့် အဖွားအိုတစ်ဦး သေဆုံး

Jul 14 • 11:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ် ဆင်မင်းဈေးကားမှတ်တိုင်တွင် YBS 144 တိုက်မိမှုကြောင့် အဖွားအိုတစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းဈေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်က YBS 144 ယာဉ်တစ်စီးက အဖွားအိုတစ်ဦးအား တိုက်မိ...

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းဈေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်က YBS 144 ယာဉ်တစ်စီးက အဖွားအိုတစ်ဦးအား တိုက်မိသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းအဖွားအို သေဆုံးသွားခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီတောင်းခံသဖြင့် လူမှုကူညီရေးအသင်းက ဖြစ်စဉ်နေရာမှ အဖွားအိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သော်လည်း၊ ဆေးရုံအရောက်တွင် ဆရာဝန်များ၏ စမ်းသပ်စစ်ဆေးချက်အရ အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

24