တရုတ်နိုင်ငံသို့ ဝင်ရောက်လာမည့် ယခုနှစ်၏ (၉) ခုမြောက် တိုင်ဖုန်းမုန်တိုင်း ဘာဗီ (Bavi) ကို တုံ့ပြန်ရန်အတွက် တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်တွင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ပျက်စီးမှုနှင့် ဘေးအန္တရာယ်များကို အနည်းဆုံးအဆင့်အထိ လျှော့ချနိုင်ရန်အတွက် ဒေသအာဏာပိုင်များက လိုအပ်သော ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် လုံခြုံရေးပြင်ဆင်မှုများကို စနစ်တကျ တင်းကျပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်တွင် တိုင်ဖုန်းမုန်တိုင်း ဘာဗီ အတွက် တင်းကျပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေ
Jul 14 • 8:55 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


