back

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို တစ်ရက်လျှင် ယူနစ်သန်း (၇၀) အထိ တိုးမြှင့်ဖြန့်ဖြူးပေးနေ

May 29 • 1:47 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို တစ်ရက်လျှင် ယူနစ်သန်း (၇၀) အထိ တိုးမြှင့်ဖြန့်ဖြူးပေးနေ

မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထ...

မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ယူနစ်သန်း (၇၀) အထိ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မေလ ၂၈ ရက်တွင် သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်မှစတင်ကာ ဓာတ်အားများကို အဆင့်ဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ အရင်က နေ့စဉ် ယူနစ် (၅၉ ဒသမ ၄) သန်း ဖြန့်ဖြူးပေးခဲ့ရာမှ လက်ရှိတွင် ယူနစ်သန်း (၇၀) အထိ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်များကို အချိုးကျတိုးမြှင့်ပေးနေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးထက်သျှန်ဖြိုးက ပြောကြားထားသည်။ ယခုကဲ့သို့ လျှပ်စစ်သုံးစွဲမှုအမြင့်ဆုံးဖြစ်သည့် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလများတွင် ဖြန့်ဖြူးပေးနိုင်မှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက သိသာစွာတိုးတက်လာခြင်းဖြစ်ပြီး၊ ပူပြင်းသည့်ရာသီဥတုအတွင်း ဓာတ်အားပြတ်တောက်မှုများ လျော့နည်းပပျောက်စေရန်လည်း အစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

37