ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် အလေးချိန် ၇၀၀ ကီလိုဂရမ်နီးပါးရှိ ကျွဲဖြူကြီးတစ်ကောင်ကို ကုရ်ဘာနီပြုလုပ်ခံရမည့် အခြေအနေမှ အစိုးရ၏ ကြားဝင်မှုဖြင့် ကယ်တင်ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါကျွဲကြီးမှာ Albino ရောဂါကြောင့် အသားအရောင် ဖြူဆွတ်နေသဖြင့် ပိုင်ရှင်ဖြစ်သူက ထိုသို့အမည်ပေးခဲ့ခြင်းဖြစ်ပြီး၊ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် ရောင်းချထားပြီးဖြစ်သော်လည်း ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေမှုကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ဖြင့် အာဏာပိုင်များက ကြားဝင်တားဆီးခဲ့ခြင်း ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဆာလာဟွတ်ဒင် အာမက်၏ အမိန့်အရ ဝယ်ယူသူကို ငွေပြန်အမ်းစေကာ ကျွဲဖြူကြီးအား အသက်ချမ်းသာခွင့်ပေးပြီး တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် ကျွဲဖြူကြီးကို ကုရ်ဘာနီပြုလုပ်ခံရမည့် ဘေးမှ ကယ်တင်နိုင်ခဲ့
May 29 • 1:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


