back

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးရွာသွန်းမှုများပြီး မြစ်ရေများ မြင့်တက်လာနိုင်

May 29 • 1:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးရွာသွန်းမှုများပြီး မြစ်ရေများ မြင့်တက်လာနိုင်

မြန်မာနိုင်ငံမြောက်ပိုင်းသို့ လာမည့် ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မုတ်သုံလေ ဆက်လက်ဝင်ရောက်နိုင်ခြေရှိသဖြင့် မိုးရွာသွန်းမှုများကာ မြစ်ငယ်၊ ချောင်းငယ်များတွင် ရုတ်တ...

မြန်မာနိုင်ငံမြောက်ပိုင်းသို့ လာမည့် ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မုတ်သုံလေ ဆက်လက်ဝင်ရောက်နိုင်ခြေရှိသဖြင့် မိုးရွာသွန်းမှုများကာ မြစ်ငယ်၊ ချောင်းငယ်များတွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မေလ ၂၉ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ဇွန်လအတွက် မြစ်ရေခန့်မှန်းချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ မန္တလေးနှင့် ဟင်္သာတမြို့တို့အပါအဝင် မြို့ပေါင်း ၁၈ မြို့တွင် ၇ ပေမှ ၁၅ ပေခန့်အထိလည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ မုံရွာမြို့တို့အပါအဝင် ၈ မြို့တွင် ၁၀ ပေမှ ၁၅ ပေခန့်အထိလည်းကောင်း လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ အခြားသော ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ပဲခူးနှင့် သံလွင်မြစ်ရေများလည်း သိသာစွာ မြင့်တက်လာနိုင်သည်။ ၎င်းပြင် ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ဖြစ်ပေါ်နိုင်ကာ ၁ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်သော်လည်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေ အလွန်နည်းပါးပြီး ကမ်းရိုးတန်းဒေသများတွင်သာ မိုးကြီး၊ လေပြင်းတိုက်ခတ်ခြင်းများ ရှိလာနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားထားသည်။

news-view-count-icon

37