back

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ

May 29 • 1:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ပက်ဖဲဒေသရှိ နေအိမ်တစ်လုံးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၁ ဦး (အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး) န...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ပက်ဖဲဒေသရှိ နေအိမ်တစ်လုံးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၁ ဦး (အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ၎င်းတို့ကို ကူညီပေးခဲ့သည့် ထိုင်းနိုင်ငံသား ပွဲစားတစ်ဦးတို့ကို မေလ ၂၇ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း မေလ ၂၈ ရက်တွင် သိရသည်။ အဆိုပါနေအိမ်မှာ မြန်မာနိုင်ငံသားများ ယာယီပုန်းအောင်း နေထိုင်နိုင်ရန် ရေချိုးခန်း၊ အိမ်သာနှင့် ဈေးဆိုင်ငယ်ပါ ဖွင့်လှစ်ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူ ထိုင်းပွဲစားက ၎င်းတို့အား မေလ ၂၅ ရက်တွင် စိုင်ယွတ်ဒေသမှ ခေါ်ဆောင်လာကာ အခြားနေရာသို့ ဆက်လက်ပို့ဆောင်ရန် တစ်ဦးလျှင် ဘတ် ၂,၀၀၀ ဖြင့် လက်ခံစောင့်ဆိုင်းပေးခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ လက်ရှိတွင် ထိုင်းပွဲစားကို တရားမဝင်သူများအား ကူညီမှုဖြင့်လည်းကောင်း၊ စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

20