back

စင်ကာပူ Jewel Changi လေဆိပ်တွင် LEGO အုတ်ခဲ ၈ သိန်းကျော်နှင့် တည်ဆောက်ထားသည့် ပန်းခြံကြီး ဖွက့်လှစ်ခဲ့

May 28 • 4:14 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Jewel Changi လေဆိပ်တွင် LEGO အုတ်ခဲ ၈ သိန်းကျော်နှင့် တည်ဆောက်ထားသည့် ပန်းခြံကြီး ဖွက့်လှစ်ခဲ့

စင်ကာပူနိုင်ငံ Jewel Changi လေဆိပ်တွင် “Celebrate Jewel Blooms with LEGO Botanicals” ပွဲတော်အဖြစ် LEGO အုတ်ခဲပေါင်း ၈၀၀,၀၀၀ ကျော်ဖြင့် တည်ဆောက်ထားသည့် အကြီးစားပ...

စင်ကာပူနိုင်ငံ Jewel Changi လေဆိပ်တွင် “Celebrate Jewel Blooms with LEGO Botanicals” ပွဲတော်အဖြစ် LEGO အုတ်ခဲပေါင်း ၈၀၀,၀၀၀ ကျော်ဖြင့် တည်ဆောက်ထားသည့် အကြီးစားပန်းခြံပြသမှုကို မေလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အဓိကအလယ်ဗဟိုနေရာဖြစ်သော Forest Valley တွင် နာမည်ကြီး မိုးရေတံခွန်ကြီး (Rain Vortex) ကို နောက်ခံထား၍ ၂ မီတာ (၆ ပေကျော်) အမြင့်ရှိသော ဧရာမ LEGO နှင်းဆီပန်းပုကြီးများကို ပြသထားသည်။ ထို့အပြင် Level 5 ရှိ Canopy Park တွင်လည်း ဂျပန်ပုံစံ ရေကန်နှင့် ငါးကွိုင်များ၊ မြေထဲပင်လယ်စတိုင် နေကြာပန်းခင်းများနှင့် အင်္ဂလန်ကျေးလက်ဒေသပုံစံ ပန်းခြံများဟူ၍ ကမ္ဘာ့အလှဆုံးဥယျာဉ် ဒီဇိုင်းမျိုးစုံကို LEGO များဖြင့် ပုံဖော်ဖန်တီးထားသည်။ ယခုပြသမှုကို Forest Valley တွင် ဇူလိုင် ၂၆ ရက်အထိနှင့် Canopy Park တွင် ဩဂုတ် ၃၀ ရက်အထိ ပြသထားမည် ဖြစ်သည်။

news-view-count-icon

26