back

ရှမ်းပြည်နယ်၊တောင်ကြီးညဈေးတန်းတွင် နေရာမရသေးသည့် ဈေးသည်များ မျှတစွာနေရာချပေးရန် တောင်းဆိုနေ

May 28 • 4:12 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးညဈေးတန်းတွင် နေရာမရသေးသည့် ဈေးသည်များ မျှတစွာနေရာချပေးရန် တောင်းဆိုနေ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ကုန်သည်လမ်းညဈေးတန်းတွင် မူလစာရင်း၌ ပါဝင်သော်လည်း ယနေ့ထက်ထိ နေရာမရသေးသည့် ပျံကျဈေးသည် ၂၀ ဦးခန့်က ဈေးကွက်နေရာချထားမှုအပေါ် မျှတမှုရှိစ...

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ကုန်သည်လမ်းညဈေးတန်းတွင် မူလစာရင်း၌ ပါဝင်သော်လည်း ယနေ့ထက်ထိ နေရာမရသေးသည့် ပျံကျဈေးသည် ၂၀ ဦးခန့်က ဈေးကွက်နေရာချထားမှုအပေါ် မျှတမှုရှိစေရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၂၇ ရက်တွင် သိရသည်။ တောင်ကြီးညဈေးတန်းကို နာရီစင်နေရာမှ ကုန်သည်လမ်းသို့ မေလ ၁၆ ရက်တွင် ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ဈေးသည်များ၏ ပြောကြားချက်အရ ဈေးကော်မတီသည် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူများနှင့် ငွေကြေးပေးနိုင်သူများကို နေရာကောင်းများ ဦးစားပေးချထားပေးနေပြီး၊ မူလစာရင်းတွင် မပါဝင်သည့် ဈေးသည်အသစ် ၉ ဦးခန့်ကိုပါ ထည့်သွင်းပေးထားကြောင်း သိရသည်။ ယခင်က ဈေးမထွက်ဖူးသူများ နေရာရနေပြီး မူလဈေးသည်ဟောင်းများ နေရာပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်၍ ညဈေးတန်းဖြစ်မြောက်ရေးကော်မတီထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးဟု သိရသည်။

news-view-count-icon

29