တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာ၌ လိုအပ်သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူကူးခ စျေးနှုန်းများ သုံးဆကျော် မြင့်တက်နေကြောင်း ဒေသခံကျောင်းသားမိဘများထံမှ သိရသည်။ကျောင်းအပ်နှံရေး ရက်မတိုင်မီက မိတ္တူတစ်စောင်လျှင် ၃၀၀ ကျပ်သာ ရှိခဲ့သော်လည်း ကျောင်းစတင်အပ်နှံသည့် မေလ ၂၅ ရက်တွင် ၅၀၀ ကျပ်၊ ထို့နောက် မေလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တစ်စောင်လျှင် ၁,၀၀၀ ကျပ်အထိ ရက်ပိုင်းအတွင်း သိသိသာသာ စျေးနှုန်းမြှင့်တင် တောင်းခံလာခြင်း ဖြစ်သည်။ထားဝယ်ခရိုင်အတွင်းရှိ အခြားနေရာများတွင် မိတ္တူကူးခ တစ်စောင်လျှင် ၃၀၀ ကျပ်မှ အများဆုံး ၅၀၀ ကျပ်သာ ရှိသော်လည်း ရှင်မုတ္ထီးကျောင်းအနီးရှိ မိတ္တူဆိုင်က ယခုကဲ့သို့ စျေးတင်တောင်းနေခြင်း ဖြစ်သည်။ အဆိုပါ ရှင်မုတ္ထီးကျောင်းတွင် အနီးနားရှိ စော်ဝ၊ ရောင်းမော်နှင့် ဆေးဖြတ်ကုန်းကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများလည်း လာရောက်ကျောင်းအပ်နှံ ကြရကြောင်း သိရသည်။
May 28 • 3:22 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 28 | 0 | 0 | 0 |


