back

မလေးရှားအမျိုးသားတစ်ဦး ဘန်ကောက်လေဆိပ်တွင် သက်ရှိတောရိုင်းတိရစ္ဆာန် ၂၅၀ ကျော် မှောင်ခို တင်သွင်းရန် ကြိုးပမ်းလို့ အဖမ်းခံရ

May 28 • 3:21 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားအမျိုးသားတစ်ဦး ဘန်ကောက်လေဆိပ်တွင် သက်ရှိတောရိုင်းတိရစ္ဆာန် ၂၅၀ ကျော် မှောင်ခို တင်သွင်းရန် ကြိုးပမ်းလို့ အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိန္ဒိယနိုင်ငံသို့ သယ်ဆောင်ရန် ခရီးဆောင်အိတ်အတွင်း ဝှက်ယူလာသည့် သက်ရှိတောရိုင်းတိရစ္ဆာန် ၂၅၀ က...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိန္ဒိယနိုင်ငံသို့ သယ်ဆောင်ရန် ခရီးဆောင်အိတ်အတွင်း ဝှက်ယူလာသည့် သက်ရှိတောရိုင်းတိရစ္ဆာန် ၂၅၀ ကျော်ကို ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး မှောင်ခိုကူးရန် ကြိုးပမ်းသူ အသက် ၃၄ နှစ်အရွယ် မလေးရှားအမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မေလ ၂၇ ရက် သတင်းများအရ သိရသည်။ ၎င်း၏ ခရီးဆောင်အိတ်အတွင်းမှ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အောက်ချင်းငှက် (Helmeted hornbills) ၂ ကောင်၊ အမေရိကတိုက်ထွက် ကြွက်ကြီးမျိုး (Patagonian maras) ၂ ကောင်၊ အိဂွာနာ (Iguanas) ၆၂ ကောင်၊ ဖွတ် ၅ ကောင်၊ လျှာပြာဖွတ် (Blue-tongued skinks) ၁၀၀ နှင့် ရေချိုလိပ် ၈၀ တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ တရားခံကို ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတို့ဖြင့် တရားစွဲဆိုထားပြီး မိမိတို့နိုင်ငံကို ကြားခံနယ်မြေအဖြစ် အသုံးပြုနေသည့် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်မှောင်ခိုဂိုဏ်းများကို ဖော်ထုတ်ရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်နေသည်။

news-view-count-icon

16