မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကမ်းနားလမ်း၊ ညဈေးတန်းနှင့် မီးပွိုင့်များအပါအဝင် လူစည်ကားရာနေရာများတွင် ကျောင်းနေအရွယ် ကလေးငယ်များ လမ်းပေါ်ထွက် တောင်းရမ်းစားသောက်မှု ရာဂဏန်းအထိ ရှိလာကြောင်း မေလ ၂၇ ရက်တွင် ဒေသခံများနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူများထံမှ သိရသည်။ အဆိုပါ ကလေးငယ်အများစုမှာ သီရိမြိုင်၊ သီရိမင်္ဂလာ၊ ဇေယျာသီရိ စသည့် ရပ်ကွက်များရှိ ရွှေ့ပြောင်းမိသားစုများမှ ဖြစ်ပြီး၊ ယင်းဖြစ်စဉ်များ၏ နောက်ကွယ်တွင် ငွေကြေးခေါင်းပုံဖြတ်သည့် ဂိုဏ်းများနှင့် အုပ်ထိန်းသူများ ပါဝင်ပတ်သက်နေကြောင်း ထောက်ပြကြသည်။ကလေးငယ်များ အလွယ်တကူ ငွေရရှိကာ ပညာမသင်ယူတော့သည့် အခြေအနေမျိုး ဖြစ်လာနိုင်သဖြင့် ပိုက်ဆံပေးကမ်းခြင်းထက် အခြေအနေကို စိစစ်ထောက်ပံ့ရန် လိုအပ်ပြီး၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်အာဏာပိုင်များအနေဖြင့် အနီးကပ် ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်နေသည်။ ၂၀၁၉ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက်မပြည့်သေးသည့် ကလေးများကို တောင်းရမ်းခိုင်းစေပါက အရေးယူနိုင်သော်လည်း လက်ရှိတွင် ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှု မရှိသေးဘဲ အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။


