လာအိုနိုင်ငံတောင်ပိုင်း ချန်ပါဆက် (Champasak) ပြည်နယ်၊ ဖွန်သွန် (Phonthong) ခရိုင်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် ကွန်ရက်တစ်ခုကို ဖြိုခွင်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၅ ဦးကို မက်သာဖက်တမင်း (Methamphetamine) စိတ်ကြွဆေးပြား စုစုပေါင်း ၄၀၄,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ရဲတပ်ဖွဲ့သည် သတင်းအရ ကနဦးတွင် အသက် ၂၄ နှစ်နှင့် ၂၅ နှစ်အရွယ်ရှိ သံသယရှိသူ ၃ ဦးကို ဆေးပြား ၄,၀၀၀ နှင့်အတူ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား ဆက်လက်စစ်ဆေး မေးမြန်းချက်အရ ခရိုင်ရဲတပ်ဖွဲ့သည် ဖွန်သွန်ခရိုင်အတွင်းရှိ အခြားကျေးရွာတစ်ခုသို့ ဝင်ရောက်စီးနင်းခဲ့ပြီး၊ မူးယစ်ဆေးဝါးများကို လက်ခံသိုလှောင်ပေးထားသည့် နောက်ထပ် အမျိုးသား ၂ ဦးကို ဆေးပြား ၄၀၀,၀၀၀ (အထုပ်ကြီး ၂၀၀) နှင့်အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့သည် အဆိုပါ တရားခံ ၅ ဦးကို ဥပဒေအရ အရေးယူနိုင်ရန်နှင့် ယခုမူးယစ်ကွန်ရက်နောက်ကွယ်မှ အဓိက ဆက်စပ်သူများကို ဖော်ထုတ်နိုင်ရန် ကွင်းဆက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
လာအို တောင်ပိုင်း ချန်ပါဆက်ပြည်နယ်၌ မက်သာဖက်တမင်း ဆေးပြား ၄ သိန်းကျော်နှင့်အတူ မူးယစ်ဂိုဏ်းဝင် ၅ ဦး အဖမ်းခံရ
May 28 • 2:08 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 2 | 0 | 0 | 0 |


