ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ မိုးညှင်း အပါအဝင် မြို့နယ် ၈ မြို့နယ်မှ ကြွေးဟောင်းဆပ်ပြီးသည့် တောင်သူများအတွက် ရက် ၁၀၀ အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၇ ဒသမ ၈ ဘီလီယံကျော် ထုတ်ချေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခုနှစ်တွင် ချေးငွေပမာဏကို တိုးမြှင့်ပေးထားရာ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ တစ်ဧကလျှင် ကျပ် ၃ သိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ကျပ် ၂ သိန်းခွဲနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုံလျှော်တို့အတွက် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်း ထုတ်ချေးမည်ဖြစ်သည်။
မေလ ၂၆ ရက်က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်မှ တောင်သူ ၅၇ ဦး၏ စိုက်ဧက ၃၁၉ ဧကအတွက် ချေးငွေကျပ် ၉၅၇ သိန်းကို ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပထမဆုံးပေးအပ်ခဲ့သည်။ ထို့ပြင် ဆီထွက်သီးနှံများအတွက် ဆောင်းရာသီချေးငွေကိုလည်း လာမည့်အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


