မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ မြလုံးချောသည် လာမည့် မေလ ၃၀ ရက် (စနေနေ့) တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ VIP Arena ၌ ကျင်းပမည့် "Xtreme Cambodia Kun Khmer" ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။၎င်းသည် ပြိုင်ပွဲ၏ တွဲဆိုင်း ၇ ဆိုင်းအနက် ခွန်ခမာ ၅၄ ကီလိုတန်းတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီနှင့် ၃ မိနစ် ၃ ချီ ထိုးသတ်ရမည်ဖြစ်သည်။ မြလုံးချောသည် မြန်မာ့ရိုးရာလက်ဝှေ့ ဒုတိယတန်းပွဲများစွာ ထိုးသတ်ခဲ့သူဖြစ်ပြီး ယခုနောက်ပိုင်းတွင် ကမ္ဘောဒီးယားသို့ သွားရောက်ထိုးသတ်နေကာ ယခုလအတွင်း နောက်ဆုံးပွဲတွင်လည်း အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိထားသည်။

May 28 • 1:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 58 | 0 | 0 | 0 |


