နိုင်ငံတကာမှ ထိပ်သီးပညာရှင်များ၏ ပရောဂျက် (Proposal) များကြားထဲမှ ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာဆရာမတစ်ဦးသည် Global Review အဆင့်ဆင့်ကို ဖြတ်ကျော်ကာ Google Research Award ရရှိရန် ရွေးချယ်ခံခဲ့ရသည်။ယခုဆုရရှိမှုကြောင့် Google က ပံ့ပိုးပေးသည့် သုတေသနရန်ပုံငွေ (Research Funding) အမေရိကန်ဒေါ်လာ ၂၅,၀၀၀၊ Cloud Credits ၅၀,၀၀၀ နှင့် အဓိကအကျဆုံးဖြစ်သော Direct TPU Access များကို ရရှိမည်ဖြစ်သည်။ ဤပံ့ပိုးမှုများဖြင့် ဒေသတွင်းနှင့် လူသားမျိုးနွယ်အကျိုးပြု သုတေသနလုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်တော့မည်ဖြစ်ကာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားကြသည်။
May 28 • 1:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


