back

မကွေး၌ ကြက်မျိုးမမှန်ခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် CP ကြက်မွေးမြူရေးသမားများ အရှုံးပေါ်နေ

May 28 • 1:55 AM

breaking-news

မြန်မာ

မကွေး

cover

မကွေး၌ ကြက်မျိုးမမှန်ခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် CP ကြက်မွေးမြူရေးသမားများ အရှုံးပေါ်နေ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ကုမ္ပဏီနှင့်ချိတ်ဆက်၍ CP ကြက်မွေးမြူသူများမှာ လက်ရှိတွင် ကြက်မျိုးမမှန်ခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ကြက်သေဆုံးမှုများကာ ...

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ကုမ္ပဏီနှင့်ချိတ်ဆက်၍ CP ကြက်မွေးမြူသူများမှာ လက်ရှိတွင် ကြက်မျိုးမမှန်ခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ကြက်သေဆုံးမှုများကာ အရှုံးပေါ်နေကြောင်း သိရသည်။ ပုံမှန် ၄၅ ရက်ကြာ မွေးမြူရသည့် အဆိုပါကြက်များသည် အရွယ်အစားမညီဘဲ ပူပြင်းစိုစွတ်သော ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် အရင်က ခြံတစ်ခြံလျှင် ကြက် ၇၀ ကျော်သာ သေဆုံးလေ့ရှိသော်လည်း ယခုအခါ ကောင်ရေ ၅၀၀ ခန့်အထိ သေဆုံးမှု မြင့်တက်နေသည်။မကွေးမြို့နယ်တွင် တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ ကုမ္ပဏီချိတ်ဆက်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် CP ကြက်ခြံ စုစုပေါင်း ၁၅ ခြံခန့် ရှိပြီး ကြက်ချေးကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြကြောင်း သိရသည်။

news-view-count-icon

29