တရုတ်နိုင်ငံက ကျူးဘားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်ခြင်းအား အခိုင်အမာထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မေလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရှုတ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးခြိမ်းခြောက်ခြင်းနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း၊ နိုင်ငံအားလုံးအနေဖြင့် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ မူဝါဒများကို လိုက်နာသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုကို ဆန့်ကျင်သည့် ကျူးဘားနိုင်ငံကို ထောက်ခံကြောင်း ပြောကြား
May 28 • 1:52 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


