back

မွန်ပြည်နယ်၌ စိုက်ပျိုးစရိတ်ကြီးမြင့်ပြီး စပါးစျေးမကောင်းသဖြင့် တောင်သူအများစု မိုးစပါးစိုက်ပျိုးမှု ရပ်နား

May 28 • 1:53 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၌ စိုက်ပျိုးစရိတ်ကြီးမြင့်ပြီး စပါးစျေးမကောင်းသဖြင့် တောင်သူအများစု မိုးစပါးစိုက်ပျိုးမှု ရပ်နား

မွန်ပြည်နယ်တွင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် လုပ်အားခများ အဆမတန် မြင့်တက်နေသော်လည်း စပါးစျေးနှုန်းမှာ လိုက်ပါတက်လာခြင်းမရှိဘဲ နှစ်စဉ်အရှုံးပေါ်နေသဖြင့် ယခုနှစ် မိ...

မွန်ပြည်နယ်တွင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် လုပ်အားခများ အဆမတန် မြင့်တက်နေသော်လည်း စပါးစျေးနှုန်းမှာ လိုက်ပါတက်လာခြင်းမရှိဘဲ နှစ်စဉ်အရှုံးပေါ်နေသဖြင့် ယခုနှစ် မိုးရာသီတွင် မိုးစပါးလုပ်ငန်း ရပ်နားလိုက်သည့် တောင်သူများပြားလာကြောင်း မေလ ၂၇ ရက်တွင် ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ် ၂ သိန်းနီးပါး၊ နေ့စားခ တစ်ဦးလျှင် ၁ သိန်းဝန်းကျင်နှင့် စက်သုံးဆီတစ်ပုံးလျှင် ကျပ် ၁ သိန်း ၈ သောင်းကျော်အထိ စျေးနှုန်းများ သုံးဆနီးပါး မြင့်တက်နေပြီး ဆီကိုလည်း အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည်။ယင်းကြောင့် မုဒုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ကျိုက်မရောမြို့နယ်တို့တွင် လယ်ဧကသောင်းနှင့်ချီ ဆက်လက်မစိုက်ပျိုးနိုင်ဘဲ ရပ်နားထားရတာ ဖြစ်သည်။

news-view-count-icon

30