တရုတ်နိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းကုမ္ပဏီကြီးများ၏ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမလေးလတာ အမြတ်ငွေသည် ယခင်နှစ်ကာလတူထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး စုစုပေါင်း ယွမ် ၂ ဒသမ ၄၄ ထရီလီယံအထိ ရှိလာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ဤတိုးတက်မှုနှုန်းသည် ပထမသုံးလပတ်က ရရှိခဲ့သည့် ၁၅ ဒသမ ၅ ရာခိုင်နှုန်းကို ကျော်လွန်သွားခြင်း ဖြစ်သည်။နှစ်စဉ် စီးပွားရေးလုပ်ငန်းဝင်ငွေ ယွမ် သန်း ၂၀ နှင့်အထက်ရှိသော စက်မှုလုပ်ငန်းကြီးများကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပြီး ဧပြီလတစ်လတည်း၌ပင် အမြတ်ငွေ တိုးတက်မှုနှုန်းသည် ယခင်နှစ်ထက် ၂၄ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
May 28 • 1:51 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


