မြန်မာ့ထမနဲ (ခေါ်) နှမ်းမနဲကို ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စီစဉ်နေကြောင်းသိရသည်။ ယူနက်စကိုသို့ တစ်နှစ်လျှင် တစ်ခုသာ တင်သွင်းခွင့်ရှိသဖြင့် အမျိုးသားအဆင့် ရွေးချယ်ထားသော အမွေအနှစ် ၂,၂၀၀ ကျော်ထဲမှ ဦးစားပေးအလိုက် တင်သွင်းနေရခြင်းဖြစ်ပါသည်။ယနက်စကို၌ အသိအမှတ်ပြုခံရပါက ကမ္ဘာက မြန်မာ့ယဉ်ကျေးမှုကို ပိုမိုသိရှိလာပြီး ခရီးသွားလုပ်ငန်းတိုးတက်ကာ ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ တွင် "အတာသင်္ကြန်" စာရင်းဝင်ခဲ့ပြီး၊ ၂၀၂၅ အတွက် "သနပ်ခါးယဉ်ကျေးမှု" နှင့် ၂၀၂၆ အတွက် "လက်ဖက်အစိုစားသည့်ဓလေ့" တို့ကို တင်သွင်းထားပြီးဖြစ်ပါသည်။

May 28 • 1:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 75 | 0 | 0 | 0 |


