back

လာအို၌ ကျောက်ဂူအတွင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

May 28 • 1:32 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအို၌ ကျောက်ဂူအတွင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

လာအိုနိုင်ငံ၊ ဆေဆွမ်းဘွန်ပြည်နယ်ရှိ ရေဝင်နေသော ကျောက်ဂူတစ်ခုအတွင်း ရွှေကြောရှာဖွေရင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင...

လာအိုနိုင်ငံ၊ ဆေဆွမ်းဘွန်ပြည်နယ်ရှိ ရေဝင်နေသော ကျောက်ဂူတစ်ခုအတွင်း ရွှေကြောရှာဖွေရင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ မေလ ၂၀ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ ဂူဝပိတ်ဆို့သွားခဲ့ခြင်းဖြစ်ပြီး၊ ဂူအတွင်းမှ လွတ်မြောက်လာသူတစ်ဦး၏ အကြောင်းကြားချက်အရ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးမစ်ရှင်၌ ပါဝင်နေသည့် ထိုင်းကျွမ်းကျင်ရေငုပ်သမား ကန်ကက် ဘွန်ကာဝမ်က ပျောက်ဆုံးနေသူ ၅ ဦးကို ဂူဝနှင့် ပေ ၁,၁၀၀ ကျော်အကွာရှိ ရေလွတ်ရာနေရာတစ်ခုတွင် ကျန်းကျန်းမာမာဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါကယ်ဆယ်ရေးမစ်ရှင်တွင် ၂၀၁၈ ခုနှစ် ထိုင်းသံဂူကယ်ဆယ်ရေး၌ ပါဝင်ခဲ့သည့် ဝါရင့်ရေငုပ်သမား ၁၅ ဦး အပါအဝင် စုစုပေါင်းအင်အား ၁၀၀ ကျော်ဖြင့် ပူးပေါင်းကူညီပေးနေခြင်းဖြစ်သည်။

ဂူတွင်းလမ်းကြောင်းများသည် အချို့နေရာများ၌ ၂ ပေခန့်သာ မြင့်ပြီး ရေငုပ်ပစ္စည်းများချွတ်၍ ဝင်တိုးရလောက်အောင် အလွန်ကျဉ်းမြောင်းနောက်ကျိနေသဖြင့် ရှာဖွေရေးလုပ်ငန်းများ အလွန်ခက်ခဲခဲ့သည်။ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ ၅ ဦးကို ဂူအပြင်သို့ ဘေးကင်းစွာ ပြန်လည်ခေါ်ထုတ်နိုင်ရေးနှင့် ကျန်ရှိနေသည့် ပျောက်ဆုံးသူ ၂ ဦးကို ဆက်လက်ရှာဖွေနိုင်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

15