ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးရေပေါ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေသော်လည်း ပွဲရုံများနှင့် ကုန်သည်အချို့က စျေးကွက်ဝယ်လိုအား မမျှတမှုကို အခွင့်ကောင်းယူကာ စျေးနှိမ်ဝယ်ယူနေကြသဖြင့် စိုက်ပျိုးတောင်သူများ အဆင်မပြေဖြစ်ကာ အခက်တွေ့နေကြောင်း မေလ ၂၇ ရက်တွင် ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် ခရမ်းချဉ်သီးတစ်တင်းလျှင် ကျပ် ၄ သောင်းခွဲဝန်းကျင်သာ ပေးတော့သဖြင့် ယခုနှစ်အတွင်း အဆမတန်မြင့်တက်ခဲ့သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနှင့် ရေလုပ်သားခ စသည့် သွင်းအားစုစရိတ်များနှင့် တွက်ချက်ပါက စိုက်ပျိုးစရိတ်ပင် ပြန်မရနိုင်တော့သည့် အခြေအနေ ဖြစ်နေသည်။ထို့ပြင် ခရမ်းချဉ်သီးသည် ရေရှည်အထားမခံဘဲ ပုပ်သိုးလွယ်သည့် သီးနှံဖြစ်ခြင်းကြောင့် တောင်သူများအနေဖြင့် ကုန်သည်များပေးသည့်စျေးဖြင့်သာ မလွှဲမရှောင်သာ ရောင်းချနေရသဖြင့် ပိုမိုနစ်နာနေကြရသည်။ အင်းလေးဒေသထွက် ခရမ်းချဉ်သီးသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကုန်စည်ဒိုင်များသို့ အဓိကတင်ပို့နေရသည့် သီးနှံဖြစ်ပြီး၊ တောင်သူများ ရေရှည်ရပ်တည်နိုင်ရန်အတွက် သင့်တင့်မျှတသော ဈေးကွက်ထိန်းညှိမှုများ လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၌ ခရမ်းချဉ်သီး စျေးနှိမ်ဝယ်ယူခံနေရသဖြင့် တောင်သူများ အရှုံးပေါ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရ
May 28 • 1:29 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 34 | 0 | 0 | 0 |


