back

ကျန်းမာရေးကြောင့် အသေးစားခွဲစိတ်မှုပြုလုပ်ထားရသည့် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်း AYA Tri-Nation Cup ပြိုင်ပွဲ လွဲချော်နိုင်ခြေရှိ

May 27 • 12:52 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျန်းမာရေးကြောင့် အသေးစားခွဲစိတ်မှုပြုလုပ်ထားရသည့် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်း AYA Tri-Nation Cup ပြိုင်ပွဲ လွဲချော်နိုင်ခြေရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အဓိကတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာ ဒဏ်ရာ...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အဓိကတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာ ဒဏ်ရာကြောင့်မဟုတ်ဘဲ ကျန်းမာရေးကိစ္စဖြင့် အသေးစားခွဲစိတ်မှုတစ်ခု ခံယူထားရသောကြောင့် ပါဝင်နိုင်ခြေမရှိဘဲ လွဲချော်ရန် သေချာသလောက်ရှိနေကြောင်း သိရသည်။ အသင်းဆရာဝန်၏ ပြောကြားချက်အရ ၎င်းအနေဖြင့် ခွဲစိတ်မှုအပြီး တစ်လခွဲခန့် သီးသန့်အနားယူရမည်ဖြစ်သဖြင့် လတ်တလော ပဏာမလူစာရင်းတွင် ပါဝင်သော်လည်း အသင်းနှင့် လာရောက်ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။ မြန်မာအမျိုးသမီးအသင်းသည် အဆိုပါဖိတ်ခေါ်ပြိုင်ပွဲအဖြစ် လာမည့် ဇွန် ၃ ရက်တွင် ဥဇဘက်ကစ္စတန်၊ ဇွန် ၉ ရက်တွင် ထိုင်းအသင်းတို့နှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

news-view-count-icon

26