back

တရုတ်နိုင်ငံရှိ ထိပ်တန်း AI ပညာရှင်များ ပြည်ပသို့ ခရီးမထွက်မီ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန် ကန့်သတ်ချက်သစ် ထုတ်ပြန်

May 27 • 12:53 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံရှိ ထိပ်တန်း AI ပညာရှင်များ ပြည်ပသို့ ခရီးမထွက်မီ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန် ကန့်သတ်ချက်သစ် ထုတ်ပြန်

တရုတ်နိုင်ငံသည် ဒေတာပေါက်ကြားမှု၊ နည်းပညာခိုးယူမှုနှင့် နိုင်ငံခြားကုမ္ပဏီများမှ ဝန်ထမ်းခိုးယူခြင်းများကို ကာကွယ်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများရှိ မဟာဗျူဟာမြောက် ...

တရုတ်နိုင်ငံသည် ဒေတာပေါက်ကြားမှု၊ နည်းပညာခိုးယူမှုနှင့် နိုင်ငံခြားကုမ္ပဏီများမှ ဝန်ထမ်းခိုးယူခြင်းများကို ကာကွယ်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများရှိ မဟာဗျူဟာမြောက် အရေးပါသော ဉာဏ်ရည်တု (AI) စီမံကိန်း ဝန်ထမ်းများနှင့် အထူးကျွမ်းကျင်သူများ ပြည်ပသို့ ခရီးမထွက်မီ အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက်ရယူရမည်ဟူသော ကန့်သတ်ချက်သစ်တစ်ရပ်ကို ချမှတ်လိုက်ကြောင်း ဘလွန်းဘာဂ်သတင်းအရ သိရသည်။ ယခုကန့်သတ်ချက်အသစ်တွင် အလီဘာဘာ (Alibaba) နှင့် ဒိန်းပ်ဆိခ် (DeepSeek) ကဲ့သို့သော ထိပ်တန်းကုမ္ပဏီများမှ အထူးကျွမ်းကျင်သူများ အကျုံးဝင်မည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လကလည်း တရုတ်အာဏာပိုင်များအနေဖြင့် AI ကုမ္ပဏီအကြီးအကဲများကို အမေရိကန်သို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုတားမြစ်ခဲ့ဖူးရာ လက်ရှိစည်းမျဉ်းသစ်များသည် အဆိုပါ လုံခြုံရေးဆိုင်ရာ တားမြစ်ချက်များကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

15