စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ (မေလ ၂၇ ရက်) နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် ရွှေညောင်ပင်ကျေးရွာအုပ်စုမှ တောင်သူ ၂၀၇ ဦး၏ မိုးစပါးစိုက်ဧက ၁,၁၀၇ ဧကအတွက် တစ်ဧကလျှင် ကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၃၂ ဒသမ ၁ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ချေးငွေထုတ်ချေးပွဲတွင် ဘဏ်တာဝန်ရှိသူများက ချေးငွေတိုးမြှင့်ထုတ်ချေးမှု၊ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရေး၊ စည်းကမ်းချက်များနှင့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ဖောင်းပြင်မြို့နယ်အနေဖြင့် ယခုနှစ်မိုးရာသီတွင် ကျေးရွာအုပ်စု ၇ အုပ်စုရှိ မိုးစပါးစိုက်ဧက ၃,၀၀၀ အတွက် စုစုပေါင်းချေးငွေကျပ် သိန်း ၉,၀၀၀ ထုတ်ချေးပေးရန် လျာထားပြီး၊ စိုက်ပျိုးစရိတ်ချေးငွေများကို လာမည့် ဇူလိုင်လအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ဒုတိယအကြိမ်အဖြစ် တောင်သူ ၂၀၇ ဦးအား ကျပ် ၃၃၂ ဒသမ ၁ သန်းကျော် ထုတ်ချေး
May 27 • 11:33 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


