စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်း ဧက ၄၇၀,၀၀၀ ကျော်နှင့် ဆောင်းပဲတီစိမ်း ဧက ၁၀၀,၀၀၀ ကျော် (စုစုပေါင်း ဧက ၅၇၀,၀၀၀ ကျော်) စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၌ ပဲစင်းငုံနှင့် ပဲတီစိမ်းကို ဧရိယာအကျယ်ဆုံးနှင့် အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ပဲများကို အိန္ဒိယနှင့် တရုတ်ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်း ပဲဈေးကွက်အနေဖြင့် မေလ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၉၀,၀၀၀ မှ ၁၀၂,၀၀၀ ဝန်းကျင်၊ ပဲတီစိမ်းအသေးတစ်တင်းလျှင် ကျပ် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်စာရင်းများအရ မေလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
May 27 • 8:00 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


