အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ ရရှိထားသည့် တံကောက်ကြောဒဏ်ရာမှာ ကနဦးဆေးစစ်ချက်များအရ လုံးဝပြင်းထန်မှုမရှိကြောင်းနှင့် နောက်ထပ်ထွက်လာမည့် ဆေးစစ်မှုရလဒ်များကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မက်ဆီအနေဖြင့် ဗျူနိုအေရိစ်ရှိ အသင်း၏ပြိုင်ပွဲအကြိုလေ့ကျင့်ရေးစခန်းသို့ လာရောက်ပူးပေါင်းဦးမည်မဟုတ်ကြောင်း သိရသည်။ လတ်တလောတွင် အာဂျင်တီးနားအသင်း၌ မက်ဆီအပြင် ဂိုးသမား မာတီနက်ဇ်၊ နောက်ခံလူ ရိုမဲရိုး၊ မိုလီနာ၊ မွန်တီယဲလ်နှင့် ကွင်းလယ်လူ နီကိုပက်ဇ်၊ နီကိုးလက်စ်ဂွန်ဇာလက်ဇ်တို့ပါ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသဖြင့် ၎င်းတို့၏ ကြံ့ခိုင်မှုအခြေအနေများကိုလည်း နည်းပြအဖွဲ့က စောင့်ကြည့်လျက်ရှိသည်။ အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦးလူစာရင်းကို လာမည့် မေလ ၃၀ ရက်တွင် ကြေညာမည်ဖြစ်ပြီး၊ ယခုကမ္ဘာ့ဖလားအုပ်စု (J) တွင် အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်အသင်းတို့နှင့်အတူ အတူတကွ ကျရောက်နေကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


