ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မြန်မာနိုင်ငံမှ လူနာများကိုပါ ခွဲခြားမှုမရှိဘဲ ဆေးဝါးကုသပေးလေ့ရှိသည့် အုမ်ဖန် (Umphang) ဆေးရုံသို့ မြန်မာနိုင်ငံရှိ ချူကာရီ (Chukari) ကျေးရွာသားများက ဘတ် ၁၄,၀၀၀ သွားရောက်လှူဒါန်းခဲ့ရာ၊ အဆိုပါလှူဒါန်းမှုအပေါ် ထိုင်းလူမှုကွန်ရက်အသုံးပြုသူများအကြား နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနမူနာတစ်ခုအဖြစ် ချီးကျူးစကားများနှင့် ဆုမွန်ကောင်းတောင်းပေးမှုများ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အုမ်ဖန်ဆေးရုံက မေလ ၂၆ ရက်တွင် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး၊ လက်ရှိ မြန်မာနိုင်ငံ၏ ခက်ခဲသောအကျပ်အတည်းကာလအတွင်း ကျေးဇူးသိတတ်စွာဖြင့် လာရောက်လှူဒါန်းကြသည့် မြန်မာရွာသားများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်းလည်း ထိုင်းပြည်သူအများအပြားက လူမှုကွန်ရက်တွင် မှတ်ချက်ပြု ဆုတောင်းပေးထားကြကြောင်း သိရသည်။
May 27 • 7:58 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


