အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အသင်း ၁၆ သင်းဖြင့် ကျင်းပမည့် ၂၀၂၇ အာရှဖလား ယူ-၂၀ ပြိုင်ပွဲအတွက် အသင်း ၃၂ သင်း ပါဝင်မည့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို မနက်ဖြန် (မေ ၂၈ ရက်) တွင် ပြုလုပ်မည်ဖြစ်ရာ ထိပ်ဆုံး ၈ သင်းနှင့် အကောင်းဆုံးဒုတိယ ၇ သင်းတို့မှာ အိမ်ရှင်တရုတ်နှင့်အတူ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ သို့သော် AFC ၏ ပြိုင်ပွဲပုံစံသစ်အရ ခြေစစ်ပွဲအုပ်စုအောက်ဆုံး ၈ သင်းနှင့်အတူ မြန်မာအသင်းအပါအဝင် အသင်း ၁၂ သင်းမှာ လာမည့် ဩဂုတ် ၂၅ မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၉ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲဝင်ခွင့် Development Phase တွင်သာ ၄ သင်း ၃ အုပ်စုခွဲ၍ ကစားကြရမည်ဖြစ်သည်။ အဆိုပါ Development Phase ပြိုင်ပွဲတွင် မြန်မာ၊ မွန်ဂိုလီးယား၊ တရုတ်တိုင်ပေ၊ မော်လ်ဒိုက်၊ ဂူအမ်၊ စင်ကာပူ၊ ဘူတန်၊ ဘရူနိုင်း၊ နီပေါ၊ မကာအို၊ သီရိလင်္ကာနှင့် ပါကစ္စတန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာ၊ မွန်ဂိုလီးယားနှင့် ဘူတန်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ အုပ်စုထိပ်ဆုံး ၃ သင်းနှင့် အကောင်းဆုံးဒုတိယ ၃ သင်း (စုစုပေါင်း ၆ သင်း) သာ ၂၀၂၉ ခြေစစ်ပွဲဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
May 27 • 7:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


