ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်ခရိုင်တရားရုံးက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသား တရားခံအမျိုးသားတစ်ဦးကို မေလ ၂၆ ရက်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ရင်မိုး အမြဲတမ်းနယ်စပ်ဖြတ်ကျော်ဂိတ်ရှေ့ရှိ မော်တော်ဆိုင်ကယ်တက္ကစီဂိတ်တွင် စစ်ဆေးတွေ့ရှိသဖြင့် အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါဖမ်းဆီးရမိသူအား ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု ပိတ်ပင်တားဆီးရေးနှင့် နှိမ်နင်းရေး အက်ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပြီး၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ အန်ထောင်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လူသတ်မှုဖြင့် ဝရမ်းထုတ်ခံထားရသည့် မြန်မာဝရမ်းပြေးတစ်ဦးကို မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ
May 27 • 7:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


